Go Agri Myanmar
အင်းဆက်​တို့၏​ အပြုအမူနှင့်​ ဘဝစက်​ဝန်း Insects of Comportment and Life cycle
မျိုး​ပေါင်း( Class ) အင်​ဆက်​တာ( Insecta ) ​အောက်​တွင်
၂။ အ​တောင်​ရှိပြီး အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များ ( Pterygota )ဟူ၍ မျိုး​ပေါင်းခွဲ ( Sub-Class ) နှစ်​မျိုးခွဲခြားထားသည်​။
 က ။ Protura 
 ခ ။ Collembola 
 ဂ ။ Thysanura 
 ဃ။ Diplura ဟူ၍ မျိုးစဉ်​( Order ) ၄ မျိုးခွဲထားသည်​။ 
၂။ ( Pterygota ) ​အောက်​တွင်​တဝက်​တပြက်​ အသွင်​​ပြောင်းခြင်း ( Incomplete metamorphosis )နှင့်​ပြီးပြည့်​စုံ​သော အသွင်​​ပြောင်းခြင်း ( Complete metamorphosis )ဟူ၍အင်းဆက်​တို့၏ ဘဝစက်​ဝန်း( Life Cycle )​အပေါ်မူတည်​ပြီး အသွင်​​ပြောင်းလဲပုံနှစ်​မျိုး​တွေ့ရသည်​။
အင်းဆက်​ပိုးများသည်​ များ​သောအားဖြင့်​ အ​ကောင်​လိုက်​​ပေါက်​သည့်​ မျိုးနွယ်​များမဟုတ်​ပဲ မိခင်​အင်းဆက်​အမမှဥအုပြီး​နောက်​ တဝက်​တပြက်​ အသွင်​​ပြောင်းခြင်းရှိသည့်​အင်းဆက်​များတွင်​ အရွယ်​​ရောက်​ရန်​ ဥဘဝ( Egg )မှ အ​ကောင်​​ပေါက်​လာပြီး ပိုးမမည်( Nymph )အဆင့်​သို့​ရောက်​ရှိလာသည်​ ၎င်းအဆင့်​တွင်​ အရွယ်​​ရောက်​​အ​ကောင်​ကြီးများနှင့်​ ရုပ်​သွင်​အရတူညီမှုရှိသည်​။ ထို့​နောက်​ ရုပ်​ဖုံးဘဝမဖြတ်​သန်းရပဲ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ အရေခွံအကြိမ်​ကြိမ်​လဲခြင်းဖြင့် အရွယ်​​ရောက်​အကောင်ကြီး( Adult ) အဖြစ်ရောက်ရှိသည်။ဥပမာ။ နှံ​ကောင်​၊ ရှိခိုး​​ကောင်​၊ ပုစဉ်းပြီးပြည့်​စုံစွာ အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များတွင်​ မိခင်​အင်းဆက်​အမမှဥ( Egg )အုပြီး​နောက်​ ဥဘဝမှ လောက်ကောင်ဘဝ( Larva ) လောက်ကောင်မှ ပိုးရုပ်ဖုံး( Pupa )ပိုးရုပ်ဖုံးမှ အကောင်ကြီး( Adult )အဖြစ်သို့ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ အဆင့်​ဆင့်​ အသွင်​ကူး​ပြောင်းကြပြီးမှရောက်ရှိသည်။ ဥပမာ။ လိပ်​ပြာ၊ ဖလံ၊ ပိုး​တောင်​မာအင်းဆက်​များစွာတို့၏ ဘဝအဆင့်​ဆင့်​တွင်​များ​သောအားဖြင့်​ အဆင့်​​လေးဆင့်​ကို ကူး​ပြောင်း ကြရပြီး မိခင်​သည်​ အစာ​ရေစာ လွယ်​လင့်​တကူရရှိနိုင်​မည့်​​နေရာများတွင်​ ဥအုချခဲ့သည်​။ ဥမှ​ပေါက်​လာ​သော ​လောက်​​ကောင်​( ပိုးတုံးလုံး )သည်​အစာများကိုစား​သောက်​ပြီး​နောက်​ ပိုးရုပ်​ဖုံးဘဝသို့ကူး​ပြောင်းသည်​ ပိုးရုပ်​ဖုံးဘဝတွင်​ အစာစားခြင်းကိုရပ်​နားထားပြီး ပိုးရုပ်​ဖုံးအတွင်း အရွယ်​​ရောက်​အ​ကောင်​ဖြစ်​ရန်​ ကာလတစ်​ခုအကြာ အချိန်​​ပေး၍ ​ပြောင်းလဲ​နေသည်​။ ပိုး​ကောင်​၏ အင်္ဂါအစိတ်​အပိုင်းများ ပြည့်​စုံသွားသည့်​အခါ ရုပ်​ဖုံးအတွင်းမှ အပြင်​သို့ ထွက်​လာကာ အရွယ်​​ရောက်​အ​ကောင်​ဖြစ်​လာသည်​။ အရွယ်​​ရောက်​အ​ကောင်​ကြီး ဘဝတွင်​ မျိုးဆက်​ပြန့်​ပွား​ရေးအတွက်​ ဖိုမဆက်​ဆံပြီး ဥအုကြသည်​။ သို့​သော်​ ချွင်းချက်​အ​နေဖြင့်​ အချို့​သောအင်းဆက်​များတွင်​ မိတ်​လိုက်​ခြင်းအမှုကို မ​ဆောင်​ရွက်​ပဲ ဥအုနိုင်​ကြသည်​။ ပျများ၊ ယင်​​ကောင်​များနှင့်​ နှံ​ကောင်​တို့သည်​ အ​ခြေအ​နေအရ လိုအပ်​ပါက ဥမအု​တော့ပဲ အ​ကောင်​လိုက်​​မွေးထုတ်​နိုင်​စွမ်းရှိသည်​။ 
အင်းဆက်​ပိုးများ သဘာဝရန်​သူ့​ဘေးမှကာကွယ်​ခြင်း 
 အင်းဆက်​ပိုးမွှားများတွင်​ ဥဘဝမှစ၍ အရွယ်​​ရောက်​ အ​ကောင်​ကြီးဘဝ​ရောက်​သည့်​တိုင်​​အောင်​ ရန်​သူ​ပေါင်း ​မြောက်​များစွာနှင့်​ ရင်​ဆိုင်​​တွေ့ကြုံ​နေကြရသည်​။ ၎င်းတို့တွင်​ ရန်​သူများဝန်းရံလျှက်​ရှိ​ပြီး သက်တမ်း​စေ့ ​နေထိုင်​သွားရ​သော အ​ကောင်​များမှာ အင်​မတန်​ နည်းပါးသည်​ သက်​တမ်းမပြည့်​ခင်​ အ​ကြောင်းမျိုးမျိုး​ကြောင့်​​သေဆုံးကြရသည်​။ သို့​သော်​လည်း အင်းဆက်​ပိုးများ​ ပျောက်​ကွယ်​မသွားပဲ ယ​နေ့ထိတိုင်​​တွေ့ရှိ​နေရခြင်းမှာ ၎င်းတို့တွင်​ သဘာဝမှ ဖန်​တီး​ပေးထား​သော အကာအကွယ်​များ​ကြောင့်​ပင်​ ဖြစ်​​လေသည်​။
၁။ အ​ပေါ်ယံအခွံဖြင့်​ ကာကွယ်​ခြင်း - အင်းဆက်​များစွာထဲမှ ပိုး​တောင်​မာ( Beetle ) များတွင်​ သားရေကဲ့သို့ဖြစ်​​နေ​သောအ​တောင်​ဖုံး​နှင့်​ မာ​ကျော​သော ခန္ဓာကိုယ်​သည်​ မျိုးခြားစား သားရဲအင်းဆက်​များ၏ တိုက်​ခိုက်​ခြင်းကို ကာကွယ်​ထားနိုင်သည်​။ 
၂။ အဆိပ်​ဖြင့်​ ကာကွယ်​ခြင်း - ပျား၊ ပိတုန်းနှင့်​ နကျယ်​ကဲ့သို့ အင်းဆက်​များတွင်​ ရန်​သူကို ၎င်းတို့၏ အဆိပ်​ဆူးဖြင့်​ပြန်​လည်​ တိုက်​ခိုက်​တက်​ကြသည်​။ ၎င်းတို့၏ အဆိပ်​နှင့်​ထိ​တွေ့ပြီးပါက ​နောက်​တစ်​ကြိမ်​ ​မထိဝံ့ တော့​ပေ။
၃။ ကိုယ်​တွင်းရှိ အရည်​တို့ဖြင့်​ကာကွယ်​ခြင်း
 - လိပ်​ပြာသား​လောင်း ခူ​ကောင်​အချို့၏ ကိုယ်​တွင်းရှိ အရည်​တို့သည်​ အရသာမ​ကောင်းသဖြင့်​ သူတို့အား ဖမ်းဆီးစား​သောက်​ခြင်းမခံရပါ။ 
၎။ အနံ့ဖြင့်​ ကာကွယ်​ခြင်း
 - ပိုးနံ​ကောင်​( Stink bug )နှင့်​ ကြမ်းပိုး( Bed bug )တို့ကဲ့သို့ ပိုး​ကောင်​များ၏ ဆိုးရွားလွန်း​သော အနံ့​ကြောင့်​ စား​သောက်​ရန်​ အလို့ငှါ သားရဲ​ကောင်​များက ​ရှောင်​ရှားကြသည်​။
၅။ အ​မွေးဆူးတို့ဖြင့်​ ကာကွယ်​ခြင်း 
- အချို့​သော လိပ်​ပြာသား​လောင်းခူ​ကောင်​များ၏ အ​မွေးများသည်​ အဆိပ်​ရည်​ပါရှိ​သော​ကြောင့်​ ထိမိပါက နာကျင်​​စေသည်​။ ယားယံ​စေသည်​။ 
၆။ ဟန်​အမူအယာဖြင့်​ ကာကွယ်​ခြင်း 
- ကျားဖလံ( Tiger moth )သည်​ ရန်သူကို မြင်​​​တွေ့သည်​နှင့် ​​သေဆုံး​နေဟန်ဆောင်သည်​။ ယင်းကဲ့သို့ ပြုလုပ်​ခြင်းဖြင့်​ သူ့ကိုစား​သောက်​မည့်​ သားရဲများက​ သေ​နေ​သော ဖလံဟုယူဆကာ စား​သောက်​ခြင်းမပြု​တော့ပါ။ 
၇။ နဂိုအ​နေအထိုင်​ဖြင့်​ ကာကွယ်​​ခြင်း 
- ရွက်ထွင်းပိုး( Leaf miner )ကဲ့သို့ ပိုးမွှားများသည်​ ​အရွက်​​၏အတွင်း​၌​ဖြစ်​​စေ၊ စပါးရွက်​လိပ်​ပိုး( Rice leaf folder )ကဲ့သို့ ပိုးမွှားသည်​ ရွက်​လိပ်​အတွင်း၌ဖြစ်​​စေ၊ အသီးအတွင်းတွင်​​နေထိုင်​​သော သီးလုံး​ဖောက်​ပိုး( Gram Caterpillar ) ပိုးများနှင့်​ ညဉ့်​အခါတွင်​သာထွက်​​သော ဖလံ( Moths )များသည်​ ရန်​သူ့​ဘေးရန်​မှ​ အထိုက်​အ​လျောက်​ ကင်း​ဝေး​စေသည်​။ ဥပမာ - ကာဒစ်​ဖလိုင်း( Caddisfly ) သားလောင်းသည်​ သူတို့၏ အနီးနားတွင်​ရရှိ​သော သစ်ရွက်ဆွေး၊ ခဲလုံး၊ ခရုခွံ၊ သစ်ကိုင်းစလေးများ အပါအဝင် ရရာအရာဝတ္ထု​များနှင့်​ ပိုးမျှင်​​တွေကို အသုံးပြုပြီး အကာအကွယ် အခွံအိမ်ကိုပြုလုပ်၍ ယင်းအိမ်​ထဲတွင်​ ​နေထိုင်​ကာ ရန်​သူ့​ဘေးရန်​မှ ပုန်းခို​နေ​လေ့ရှိသည်​။ 
၈။ အ​ရောင်​ဖြင့်​ ကာကွယ်​ခြင်း 
- Tulip Tree Beauty moth - ဖလံသည်​ အ​ရောင်​အားဖြင့်​ ​နေထိုင်​ရာဝန်းကျင်​နှင့်​ တ​ထေရာတည်း တူညီ​နေ​သော​ကြောင့်​ ရန်​သူများ​ဘေးမှ ကင်း​ဝေးရသည်​။ 
၉။ အ​တောင်​နှစ်​စုံ အ​ရောင်​မတူ၍ ​ဘေးကင်းခြင်း 
- Morpho butterfly - လိပ်ပြာတွေရဲ့ အ​တောင်​ပံ​ အ​ပေါ်မျက်​နှာပြင်​သည်​ ​ အောက်​နှင့်​ အ​ရောင်​မတူ​သော​ကြောင့်​ ပျံသန်း​နေသည့်​အခါ ​နောက်​မှလိုက်​လာ​သော ရန်​သူ့အမြင်​တွင်​ ဖြတ်ခနဲပေါ်လာလိုက်​ ဖြတ်​ခနဲပျောက်သွားလိုက် ဆက်တိုက်ပြောင်းလဲနေ​သော​ကြောင့်​ မျက်​​ချေပြတ်​သွားတက်​သည်​။ 
 ၁၀။ အဆင်​ချယ်​၍ ကာကွယ်​ခြင်း
- အချို့​သော အင်​ဆက်​များ၏ အ​ရောင်​အ​သွေး အဆင်​တို့မှာ ပိုး​ကောင်​တို့၏ မူလသဏ္ဌာန်​​ ပျောက်​ကွယ်​သွားမတက်​ အဆင်​ချယ်​လျှက်​ ရှိ​သော​ကြောင့်​ ရန်​သူ့​ဘေးမှကင်း​ဝေကြသည်​။ 
၁၁။ အ​တောင်​​အောက်​၌ အ​ရောင်​မှုံခြင်း
 - သစ်​ရွက်​​ခြောက်​လိပ်ပြာ(Kallima Inachus)၏ အ​တောင်​​အောက်​ဖက်​ရှိ အ​ရောင်​သည်​ မွဲ​ခြောက်​​နေသည့်​အပြင်​ နား​နေသည့်​အခါ အ​ပေါ်သို့​ထောင်​ထား​သော အ​တောင်​သည်​ သစ်​ရွက်​​ခြောက်​နှင့်​ အလွန်​တူသဖြင့်​ ရန်​သူမှ ​အလွယ်​တကူ မမြင်​​တွေ့နိုင်​ပါ​။
 ၁၂။ အ​ယောင်​​ဆောင်​၍ ကာကွယ်​ခြင်း 
- ခူ​ကောင်( Wavy-lined Emerald )တို့သည်​ ​​ ပန်းပွင့်​​ရဲ့ ပွင့်​ချပ်​​တွေကို သူတို့ခန္ဓာကိုယ်​​ပေါ်တွင်​ ပိုးချည်​မျှင်​များဖြင့်​ တန်​ဆာဆင်​ဖုံးကွယ်၍ ပန်းပွင့်​ကဲ့သို့ အ​ယောင်​​ဆောင်​ကာ ရန်​သူများ၏ ​ဘေးရန်​ကိုကာကွယ်​ကြသည်​။ 
 ၁၃။ အတုခိုး၍ ကာကွယ်​ခြင်း
 - ​နေ့ခင်းဘက်​တွင်​ ပျံသန်း​လေ့ရှိသည့်​ နကျယ်​ဖလံ( Wasp moth )နှင့်​ ဟိုဗာယင်​( Hoverfly ) တို့သည်​ ပျား၊ နကျယ်​များနှင့်​ ပုံသဏ္ဌာန်​ ဆင်​တူ​သော​ကြောင့်​ ငှက်​များနှင့်​ အခြား​သော သားရဲများကို လှည့်​စားနိုင်​သည်​။ သားရဲများက ၎င်းတို့ကို ပျား၊ နကျယ်​ဟု မှတ်​ထင်​ကာ ဖမ်းဆီးစား​သုံးခြင်း မ​ပြု​သော​ကြောင့်​ အန္တရာယ်​ကင်း​စေသည်​။ 
၁၄။ အ​တောင်​​ပေါ်ရှိ အကွက်​များမှကာကွယ်​ခြင်း 
- သိန်းငှက်​ဖလံ( Hawk moth )နှင့်​ ဇီးကွက်​လိပ်​ပြာ( Owl Butterfly )တို့၏ အ​တောင်​ပံ​ပေါ်မှ အကွက်​များသည်​ ရန်သူကိုကြည့်​​နေသည့်​ ​ကြောက်​စရာ သားရဲသတ္တဝါတို့၏ မျက်​ဝန်းတစ်​စုံနှင့်​ တူ​သော​ကြောင့်​ ရန်​သူမှဖမ်းဆီးစား​သောက်​ခြင်း မပြု​တော့ပါ။ 
 ၁၅။ ရာသီအလိုက်​အ​ရောင်​​ပြောင်းခြင်း 
- အချို့​သော ပိုး​ကောင်​တို့မှာ မျိုးစိတ်​တခုထဲ ဖြစ်​​သော်​လည်း ​နွေရာသီတွင်​​ပေါက်​သည့်​အခါ မွဲ​ခြောက်​သည့်​ အ​ရောင်​မျိုးရှိ၍ မိုးရာသီတွင်​​ ပေါက်​​သည့်​အခါ စိမ်း​သောအ​ရောင်​များရှိသဖြင့်​ သဘာဝ အကာကွယ်​တစ်​မျိုးပင်​ဖြစ်​သည်​။ 
အင်းဆက်​တို့၏ ပုံသဏ္ဌာန်၊ ထူးခြား​သော လက္ခဏာရပ်​များဖြစ်​သည့်​ အစာစားခြင်း၊ အ​ရေခွံလဲခြင်း၊ လှုပ်​ရှားသွားလာခြင်း၊ ပျံသန်းခြင်း၊ အာရုံခံစားခြင်း၊ ဘဝဖြစ်​စဉ်​​ပြောင်းလဲခြင်း၊ မျိုးပွားခြင်းနှင့်​ ရန်​သူ့​ဘေးရန်​မှ ကာကွယ်​လှည့်​စားပုံတို့ကို သိရှိထားပါက အဖျက်​ပိုးမွှားများကို နှိမ်​နင်းရန်​ဖြစ်​​စေ၊ အကျိုးပြု အင်းဆက်​များကို ထိန်းသိမ်း​စောင့်​​ရှောက်​ရန်​ဖြစ်​​စေ ဆောင်​ရွက်ရာတွင်​ ​များစွာအကျိုးရှိနိုင်​သည်​။ ထိုထက်​ပို၍ ​လေ့လာနိုင်​ပါက အင်းဆက်​ပိုးများ​နှင့်​ သတ္တ​လောကတို့၏ အစာကွင်းဆက်​၊ ပတ်​ဝန်း​ကျင်​ ​ဂေဟ​ဗေဒနှင့်​ ဆက်​နွယ်​မှုတို့ကိုပါ ​လေ့လာမည်​ဆိုပါက အတိုင်းထက်​အလွန်​ပင်​ဖြစ်​​ကြောင်း ​.... အထူးသဖြင့် ​စိုက်​ပျိုး​ရေးလုပ်​ငန်း လုပ်​ကိုင်​​ဆောင်​ရွက်​ ​နေသူ​ တောင်​သူများအ​နေဖြင့်​ ဘက်​စုံပိုးမွှားကာကွယ်​ နှိမ်​နင်းခြင်း(Integrated Pest Management) နည်းစနစ်​များကိုဆောင်​ရွက်​ပါက ပိုးမွှားများအ​ကြောင်း မဖြစ်​မ​နေ သိထားသင့်​သည့်​အပြင်​ ဘက်​စုံပိုးမွှားကာကွယ်​ နှိမ်​နင်းခြင်း နည်းစနစ်​များနှင့်​ ပိုးမွှားများကို ထိန်​​ကျောင်းမှသာလျှင်​ ​ရေရှည်​ခံ​သော စိုက်​ပျိုး​ရေး လုပ်​ငန်းကို ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​ကြောင်း ​ရေးသားတင်​ပြလိုက်​ရပါသည်​။